မကွေး စက်တင်ဘာလ ၂၂
ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၂
ရက်နေ့ နံနက် ၀၉၀၀ အချိန်မှ ၁၀၃၀ အချိန်ထိ
ချောက် မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး ရဲအုပ် မြသန်း၊ ဂွေးပင်နယ်မြေရဲစခန်းမှူး
ရဲအုပ် ၀င်းရွှေ၊ ချောက်မြို့မ ရဲစခန်းမှ ရဲအရာခံ မျိုးမြင့်အောင် ဦးစီးပြီး တပ်ဖွဲ့ဝင်(၄+၁၅)ဦး
တို့အဖွဲ့မှ ချောက်မြို့ နယ်၊ ဂွေးပင်အုပ်စု၊ ဂွေးပင်ကျေးရွာ၊ အထကကျောင်း၌ ကျောင်းအုပ်ဆရာကြီး
ဦးကျော်သောင်း ပါ (၃၅)ဦး၊ ကျောင်းသား/သူ (၁၁၄၂)ဦးခန့်တို့အား
ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးခြင်း၊
မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေးအသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်
အသိပညာပေးဟောပြောခြင်း တို့ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် (၃၀၀)စောင် ဖြန့်ဝေ
ပေးခဲ့ပါသည်။
ဆက်လက်၍ နေ့လည် ၁၁၄၅ အချိန်မှ ၀၂၀၀ အချိန်အထိ
ချောက်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှ ရုံးဦးစီး ရဲအုပ် မြသန်း၊ ဂွေးချိုရဲကင်းစခန်းမှူး
ရဲအုပ် လှမိုးအောင် ဦးစီးပြီး ချောက်မြို့မရဲစခန်းမှ ရဲအရာခံ မျိုးမြင့်အောင်၊ (၁၅)မူးယစ်တပ်ဖွဲ့စု၊
ပခုက္ကူလှုပ်ရှားတပ်ဆွယ်မှ ရဲတပ်ကြပ်ကြီး ၀င်းထွန်း နှင့် တပ်ဖွဲ့ဝင် (၁၂)ဦးတို့အဖွဲ့မှ
ချောက်မြို့နယ်၊ ဂွေးချိုအုပ်စု၊ ဂွေးချိုကျေးရွာရှိ ရွာဦးဘုန်းတော်ကြီး ကျောင်း၌
ဂွေးချိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးထောင်ပါ ရပ်မိရပ်ဖ(၁၀)ဦး၊ ဂွေးချိုကျေးရွာ
ပညာရိပ် ဘော်ဒါမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊
စုစုပေါင်းအင်အား (၂၆၀)ဦးခန့်တို့အား ယာဉ် စည်းကမ်း/လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးခြင်း၊
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်
အသိပညာ ပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် (၁၅၀)စောင် တို့အားဖြန့်ဝေပေးခဲ့ပါကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment