Sunday, September 23, 2018



မကွေး စက်တင်ဘာလ ၂၂  ရက်
    ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ပေါ်တွင် မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်း/ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား ညဉ့်ဦးပိုင်း/ ညဉ့်နက်ပိုင်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ထွက်သွားလာသည့် နေရာများတွင် အများပြည်သူစိတ်ငြိုငြင်အောင်၊ စိတ်အနှောင့်ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင် အရက်သေစာ သောက်စားသူ မကွေးမြို့နယ်၊ နွားကူးကျေးရွာနေ  ပြည်စုံအောင်၊ ၂၁ နှစ်နှင့် ရဲသူအောင်၊ ၂၆ နှစ်၊ တောင်တွင်းကြီးမြို့နယ်၊ ရွှကြာအင်း(၁)ရပ်ကွက်နေ ကျော်သူရ(ခ)ဒေးဗစ်၊ ၄၀ နှစ်နှင့် တောင်တွင်းကြီး မြို့နယ်၊ ရွှေအိုး(၁) ရပ်ကွက်နေ စိုးမင်း၊ ၃၅ နှစ်တို့(၅)ဦးတို့သည် အရက်သေစာသောက်စား မူးယစ် ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး မကွေးမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video