၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်တွင်
ပခုက္ကူမြို့မရဲစခန်း မှ ရဲအုပ် သိန်းဌေးနှင့်အဖွဲ့သည် သက်သေ များနှင့်အတူ
အမှတ်(၁၃)ရပ်ကွက်၊ ကျားအိုတိုက် ဘုန်းကြီးကျောင်း
ဘုရားပွဲလုံခြုံရေးဆောင်ရွက်နေစဉ် ဘုန်းကြီးကျောင်းပေါက်အနီး ကျောင်းတော်ရာ
လမ်းပေါ်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်နေ ဟိန်းမြင့်ထွန်း (ခ)ပုချို၊
၂၉ နှစ်သည် အများ ပြည်သူ စိုးရိမ်ထိတ်လန့်စေ ရန် ဘေးအန္တရာယ်ဖြစ်စေနိုင်သော
အရိုးအသွား (၁၁)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအား
ကိုင်ဆောင်ရမ်း ကားနေသည်ကို စစ်ဆေးတွေ့ရှိ ရ၍ ဟိန်းမြင့်နိုင်(ခ)ပုချို အား
ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၆၁၄/ ၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ
အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment