၂၀၁၈
ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီမှ ၄ နာရီခွဲအချိန်အထိ မကွေးခရိုင်၊ မကွေးမြို့နယ်၊
ပေပင်စမ်းကျေးရွာအုပ်စု၊ ရေငံကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် မိကျောင်းရဲနယ်မြေ ရဲစခန်းမှူး
ရဲအုပ် ကြည်စိုး ဦးစီးတပ်ဖွဲ့ဝင်(၁+၄)ဦးတို့မှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ
ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲသို့ ရေငံကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးဝင်းမြင့်နှင့် ကျေးရွာသူ/သားများ၊ အခြေခံ ပညာမူလတန်း (လွန်)ကျောင်းမှ
ကျောင်းအုပ်ဆရာကြီး ဦးမောင်သိန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား(၁၀၀)ဦးခန့်
တက်ရောက်ခဲ့ပြီး ရဲအုပ် ကြည်စိုးမှ သက်ငယ် မုဒိမ်းမှု လျော့နည်း ကျဆင်းရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများအား
အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိရပါသည်။
0 comments:
Post a Comment