Monday, September 24, 2018


    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ရဲမွန်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပွင့်ဖြူမြို့ပေါ်၌ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပွင့်ဖြူ-မင်းဘူးကားလမ်း မြို့နယ်စိုက်ပျိုးရေးရုံးရှေ့အရောက်၌ ၂၁ယ/ ၉၇၀၀၄ JLM -125 အနက်ရောင်ဆိုင်ကယ်ပေါ်တွင် Crocodile တံဆိပ်ပါ ရေမော်တာ(၁)လုံးအား တင်၍ တွန်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးမေးမြန်းခဲ့ပါသည်။
     အဆိုပါ ဆိုင်ကယ်တွန်းလာသူမှာ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာ၊ သူဌေးတန်းရပ်နေ လှိုင်မျိုးဦး၊ ၂၃နှစ် ဖြစ်ပြီး ရေမော်တာအား ပိုင်ဆိုင်ကြောင်းပြောဆိုပြသနိုင်ခြင်း မရှိသောကြောင့် ဆက်လက်စုံစမ်းခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းအုပ်စု၊ ဥာဏ်ကန်ရပ် မြောင်းဘောင်ကျောင်းသစ်၌ အသစ်ဆောက်လုပ် လျက်ရှိသော ဘုန်းကြီးကျောင်းဝန်းအတွင်းမှ ဖြုတ်၍ ခိုးယူလာခဲ့ကြောင်း သိရှိရသဖြင့် လှိုင်မျိုးဦး အား ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်း (ပ)၆၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ အရ အမှုဖွင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video