Tuesday, September 25, 2018



မကွေး စက်တင်ဘာလ ၂၅ ရက်
    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီခန့်အချိန်အထိ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးဆောင်သော တိုင်း/ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်(၅၉)ဦး စုပေါင်း၍ (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲ၌ သွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
      အဆိုပါသွေးလှူဒါန်းပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်(၁၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ(၆)ဦး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှ(၉)ဦး၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ(၁၀)ဦး၊ အမှတ်(၄) ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲမှ (၁)ဦး၊ မကွေးမြို့မူးယစ်တပ်ဖွဲ့စုမှ (၁)ဦး၊ကမ္ဘာလှည့် ခရီသွားလုံခြုံရေး ရဲတပ်ဖွဲ့မှ (၁)ဦး၊ စုစုပေါင်း(၃၉)ဦး ပါဝင် သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
        သွေးလှူဒါန်းခဲ့ကြသော တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအား အားဖြည့်အာဟာရအဖြစ် မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှ Asia အချိုရည် (၁)ဗူး၊ သံဓါတ်နှင့် ဖောလစ်အက်ဆစ် အားဆေး(၃၀)လုံး အား လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကြက်ဥ(၁၀)လုံး၊ ပေါင်မုန့်(၁)လုံး၊ C-Plus အချိုရည်(၁)ဗူး၊ ဓါတ်ဆား(၃)ထုပ်၊ အမှတ်တရအင်္ကျီ(၁)ထည်တို့အားလည်းကောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video