Wednesday, September 26, 2018



မကွေး စက်တင်ဘာလ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စလင်းမြို့နယ်၊ မြို့မ ရဲစခန်းမှ ဒုရဲအုပ် သက်ပိုင်စိုးသည် ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မင်းဘူးခရိုင် (မှု/နှိမ်)ဌာနစိတ်မှ ဒုရဲအုပ် စိုးမြင့်အောင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၇/၂၀၁၈ ဖြင့် စလင်းမြို့နယ်၊ ပေါင်းပင်ဇင်း ရပ်ကွက်နေ ဦးညိုလုံး၊ ၆၀နှစ်၊ (ဖ)ဦးပြူး၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဦးညိုလုံး ၏ နေအိမ်နောက် ကျောဘက် မီးဖိုတဲအတွင်းရှိ ကုတင်ပေါ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်နေသူ ဦးညိုလုံး၊ ၆၀ နှစ်၊ (ဖ) ဦးပြူးနှင့် စလင်းမြို့နယ်၊ ရုံးပင်ကန်ကျေးရွာနေ ဦးလှကြည်၊ ၅၈ နှစ်၊ (ဖ)ဦးထွန်းရီ၊ စလင်းမြို့နယ်၊ ဈေးမရပ်ကွက်နေ ဦးသိန်းဇော်၊ ၄၇ နှစ်၊ (ဖ)ဦးကျော်သိန်း၊ စလင်း မြို့နယ်၊ ထန်းလေးပင်ကုန်းကျေးရွာနေ ဦးအေးကျော်၊ ၆၃ နှစ်၊ (ဖ) ဦးအောင်ပွင့်၊ စလင်းမြို့နယ်၊ ပေါင်းပင်ဇင်းရပ်ကွက်နေ ကိုစိုးကျော်(ခ)လင်းနိုင်၊ ၂၀နှစ်၊ (ဖ)ဦးစန်း၊ တစ်ရွာတည်းနေ မသဲသဲ၊ ၃၉ နှစ်၊ (ဖ)ဦးရွှေ နှင့် မချိုမာ၊ ၃၉ နှစ် တို့အား ဖဲရိုက် လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ လောင်းကြေးငွေစက္ကူရောရာ (၇၃၆၀၀ိ/-)တို့အား ရှာဖွေသိမ်းဆည်းရမိသဖြင့် ဦးညိုလုံး ပါ(၇)ဦးအား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၅၇/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) အရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video