Wednesday, September 26, 2018



မကွေး စက်တင်ဘာလ ၂၅ ရက်
    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရေစကြိုမြို့နယ်၊ မြို့မ ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် စိုးဝင်းခိုင် နှင့်အဖွဲ့သည် တရားမ၀င် နှစ်လုံးထီလောင်းကစားမှု ပြုလုပ် နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ရေစကြိုမြို့နယ်၊ အမှတ် (၆) ရပ်ကွက်နေ မမိုးခိုင်၊ ၃၉ နှစ်၊ (ဖ) ဦးကျော်ဝင်း၏ နေအိမ်အား မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၂၀/၂၀၁၈)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်း တန်းလျားပေါ်ရှိ ပီနံအိတ် အောက်မှ နှစ်လုံးထီလောင်းကစား ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်ပစ္စည်းများ၊ စားပွဲ အံဆွဲအတွင်းမှ လောင်းကြေးငွေ စက္ကူရောရာ (၁၉၄၀၀ိ/-) ကျပ်အား ရှာဖွေသိမ်းဆည်းရမိသဖြင့် မမိုးခိုင်အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ) ၃၅၅/၂၀၁၈၊ လောင်းကစားဥပဒေ ပုဒ်မ ၁၃(က)/ ၁၄(က) အရ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video