မကွေး
စက်တင်ဘာလ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ
၎ နာရီမှ ၅ နာရီအချိန်အထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ရှိ `ပညာလွင်ပြင်´ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဂန့်ဂေါမြို့မရဲစခန်းမှ
ဒုရဲအုပ် သန်းအောင်လွင် ဦးစီးတပ်ဖွဲ့ဝင်(၁+၅)ဦးတို့မှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ
ကျင်းပပြု လုပ်ခဲ့ပါသည်။
ဟောပြောပွဲသို့ ဂန့်ဂေါမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ
`ပညာလွင်ပြင်´ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး
ဦးဝေလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၁၀၂) ဦးခန့် တက်ရောက်ခဲ့ပြီး
ဒုရဲအုပ် သန်းအောင်လွင်မှ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊
ယာဉ်/လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာ ပေး ဟောပြောခြင်းများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
0 comments:
Post a Comment