မကွေး စက်တင်ဘာလ ၁၉
ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီအချိန်တွင်
ထီးလင်းမြို့မရဲစခန်းမှ ဒုရဲအုပ် ပြည့်စုံအောင်သည် တာဝန်ဆောင်ရွက်နေစဉ် ကျားခဲကျေးရွာတွင်
လူတစ်ဦး ဓါးကိုင်သောင်းကျန်း နေကြောင်း သတင်းအရ သက်သေများနှင့် အတူသွားရောက်စစ်ဆေးရာ
ထီးလင်းမြို့နယ်၊ ကျားခဲ ကျေးရွာနေရှိုင်းထက်အောင်၊ ၂၂ နှစ် သည် ၎င်း၏နေအိမ် ရှေ့လမ်းမပေါ်တွင်
အရက်သေစာ သောက်စားမူးယစ်ပြီး အရိုးအသွား(၄)ပေ(၃)လက်မခန့်၊ ဗျက်(၂)လက်မခန့်ရှိ ၀ါးရိုးတပ်ဓါးကောက်
အား ကိုင်ဆောင်၍ အော်ဟစ်ဆူပူသောင်းကျန်းနေသည်ကို စစ်ဆေးတွေ့ရှိရ၍ ရှိုင်းထက်အောင် အား ထီးလင်း မြို့နယ်၊ မြို့မရဲစခန်း
(ပ)၁၁၀/ ၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်
အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment