Wednesday, September 26, 2018



မကွေး စက်တင်ဘာလ ၂၅  ရက်
စလင်းမြို့နယ်သစ်တော ဦးစီးအရာရှိ ဦးအောင်လွင်စန်း ဦးစီးအဖွဲ့၊ စေတုတ္တရာမြို့နယ်သစ်တော ဦးစီး အရာရှိ ဦးမျိုးနိုင် ဦးစီးအဖွဲ့၊ ကံပြားရဲကင်းစခန်းမှူး ရဲအုပ် ခိုင်လင်း ဦးစီးအဖွဲ့တို့ ပူးပေါင်း၍ တရားမ၀င် သစ်များ တင်ဆောင်လာကြောင်း သတင်းအရ စလင်းမြို့နယ်၊ စလင်း-စေတုတ္တရာ သွားကားလမ်း မိုင်တိုင် အမှတ်(၂၀/၀)၏ မြောက်ဘက်(၂)ဖာလုံခန့်အကွာရှိ မြောင်းဦးသစ်တော ကြိုးဝိုင်းအတွင်းတွင် သက်သေ များနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ပါသည်။
 ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၂ နာရီအချိန် ယာဉ်အမှတ် 3C/2127 UD Boxer ယာဉ်နှင့် ယာဉ်အမှတ် 4E/3015 Waave ယာဉ်(၂)စီးတို့အား တွေ့ရှိရပြီး ယာဉ်အမှတ် 3C/ 2127 UD Boxer ပေါ်တွင် ယာဉ်နောက်လိုက် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၄)ရပ်ကွက်နေ လင်းအောင်၊ ၃၃ နှစ် နှင့်အတူ ပိတောက်သစ်ခွဲသား ဆိုဒ်စုံ(၆၄)ချောင်း၊ (၆.၁၉၀၈)တန်အား တင်ဆောင်ထားကာ ယာဉ်အမှတ် 4E/3015 Wave ယာဉ်ပေါ်တွင် ယာဉ်မောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ အောင်သန်း၊ ၃၅ နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ယာဉ်နောက် လိုက် ၀င်းလွင်၊ ၃၁ နှစ် တို့(၂)ဦးသည် UD Boxer ယာဉ်အတွက် ကားပစ္စည်းများ လာရောက် ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video