Wednesday, September 26, 2018



မကွေး စက်တင်ဘာလ ၂၅  ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၀၉၃၀ အချိန်အထိ တောင်တွင်းကြီးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင် ဦးစီး(၁+၅)ဦး တို့သည် သက်သေများနှင့်အတူ လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်၊ ဘူတာပတ်လမ်း အရောက်တွင် မသင်္ကာဖွယ်လူ(၁)ဦးတွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ မန္တလေးမြို့၊ အမှတ် (၁၁၁)ဆက်သွယ်ရေး တပ်မှ လွန်ခဲ့သော(၈)လခန့်မှစ၍ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ခွင့်မဲ့ ပျက်ကွက်နေသော တပ်သား အဆင့်ဖြစ်သူ တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်နေ ဇော်ဌေးဦး၊ ၄၄ နှစ် ဖြစ်ကြောင်းသိရှိရသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းသို့ ခေါ်ဆာင်လာပြီး အမှတ်(၁၀၃)ခြေမြန်တပ်ရင်းမှ ဒုအရာခံ မောင်မြင့်ထံသို့ နေ့လည် (၁၂)နာရီအချိန် စနစ်တကျ လွဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video