Friday, September 28, 2018


၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းနှိမ်နင်း ရေးဌာနစုမှ ဒုရဲအုပ် အေးနိုင်နှင့်ဖွဲ့၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ် မျိုးလွင် နှင့်အဖွဲ့၊ ရေစကြိုမြို့မရဲခစန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် စိုးဝင်းခိုင် နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် နှစ်လုံးထီလောင်းကစားပြု လုပ်နေကြောင်း သတင်းအရ သက်သေ ပခုက္ကူမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရာအိမ်မှူး ဦးဇော်မင်း၊ ရေစကြိုမြို့၊ အမှတ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းတို့နှင့်အတူ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၁၅/၂၀၁၈) ဖြင့် ရေစကြိုမြို့နယ်၊  စည်ပင်သာယာရပ်၊ အမှတ်(၂)ရပ်ကွက်နေ ကျော်အောင်၊ ၄၈ နှစ် ၏ နေအိမ် အား ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် နောက်ဖေးပေါက်အနီး၌ ကျော်အောင်မှာ အနီရောင် ပလပ်စတစ်ခုံ အား အသုံးပြုလျက် နှစ်လုံးထီလောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၄င်းထံမှ နှစ်လုံးဂဏန်းနှင့် ငွေတန်ဖိုး များရေးသားထားသော ဘောက်ချာဖြတ်ပိုင်း စာရွက်(၆)ရွက်၊ အဖြူ ရောင် ဖြတ်ပိုင်းစာရွက်အလွတ်(၇)ရွက်၊ အသုံးပြု ထားသော ကာဗွန်ဖြတ်ပိုင်း(၂)ရွက်၊ ဘောပင်(၅) ချောင်း၊ နှစ်လုံးဂဏန်းများ ဇယားချထားသည့် စာရွက်(၁)ရွက်၊ CTITZEN ဂဏန်းပေါင်းစက် (၁)လုံး၊ နှစ်လုံးဂဏန်းများ ရေးသားထားသော အဖုံးမပါ ဗလာစာအုပ်(၁)အုပ်၊ လောင်းကြေးငွေစက္ကူရောရာ (၆၉၇၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်အောင်အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၆၀/၂၀၁၈၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ  အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video