Friday, September 28, 2018

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ရဲအကူတပ်ဖွဲ့ခွဲ မှုခင်း နှိမ်နင်းရေးဌာနစုမှ ရဲအုပ် နန်းရဲဇော်နှင့်အဖွဲ့၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင် နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် နှစ်လုံးထီလောင်းကစား ပြုလုပ်နေ ကြောင်း သတင်းအရ သက်သေ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက် ရာအိမ်မှူး ဦးကျော်လွင်၊ မကွေးမြို့၊ မြင်သာရပ်ကွက် ဆယ်အိမ်မှူး ဦးမောင်မောင်အေး၊ မကွေးမြို့၊ အောင်မေတ္တာ(ခ) ရပ်ကွက် ဆယ်အိမ်မှူး ဦးမောင်နိုင်တို့နှင့်အတူ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁)ရပ်ကွက်နေ ဦးမိုးမြင့်၊ ၅၈ နှစ်၏နေအိမ်အား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ်(၁၆/၂၀၁၈)ဖြင့် ၀င်ရောက် ရှာဖွေရာ နေအိမ်ရှေ့အပေါက်ဝတွင် ဦးမိုးမြင့်အား တွေ့ရှိ၍ လောင်းကစားဝရမ်းအား ပြသနေစဉ် ဦးမိုးမြင့်၏ဇနီး မခင်နွယ်ဦး၊ ၅၀ နှစ်နှင့် သမီးဖြစ်သူ မချစ်သက်ပိုင်ဦး၊ ၂၉ နှစ် တို့(၂)ဦးမှာ နေအိမ်နောက်ဖေးသို့ ထွက်ပြေးသွားသည်ကို တွေ့မြင်ရကြောင်း၊ ရဲအုပ် နန်းရဲဇော်နှင့်အဖွဲ့မှ နေအိမ် အတွင်း လောင်းကစားစာရွက်စာတမ်းများ ရှာဖွေပြီး မခင်နွယ်ဦးတို့ သားအမိ(၂)ဦး ထွက်ပြေးသွားသည့် နေအိမ်နောက်ဖေးအား ရှာဖွေရာ ဦးမိုးမြင့်၏ နေအိမ်နောက်ဖေးခြံစည်းရိုးအပြင်၊ ခြံဝန်းချင်းကပ်လျက်ရှိ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁) ရပ်ကွက်နေ မနီလာခင်၊ ၃၂ နှစ်၏ ခြံဝန်းအစပ်တွင် အထုပ်(၂)ထုပ် အား တွေ့ရှိရသဖြင့် အထုပ် (၂)ထုပ်အား သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ အဖြူရောင်ပလပ်စတစ် လက်ဆွဲအိတ်အတွင်းမှ နှစ်လုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ကာဗွန်ဖြတ်ပိုင်းများ၊ ဘော့ပင်(၁)ချောင်း၊ ဇီးကွက်ရုပ်ပုံပါ ချည်လက်ဆွဲအိတ်အတွင်းမှ သော့(၁)ချောင်းနှင့် ငွေစက္ကူ ရောရာ (၆၉၃၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဦးမိုးမြင့်၊ မခင်နွယ်ဦး၊ မချစ်သက်ပိုင်ဦးနှင့် မနီလာခင်တို့(၄)ဦးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၇၇/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်း ရရှိ ပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video