Friday, September 28, 2018


၂၇.၉.၂၀၁၈ ရက်နေ့ ၉ နာရီမှ ၁၂ နာရီထိ မကွေးမြို့၊ မကြီးကန်ကျေးရွာ၊ တောင်တွင်းကြီး လမ်းပေါ်ရှိ အမှတ်(၅၀၁၃)တင့်ကားတပ်ရင်း၊ ဘုရင့်နောင်ခန်းမတွင် သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်၊ အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(မကွေး)မှ ဒုရဲမှူး ထွန်းလှအောင်နှင့် အထူးတိုက်ပွဲဝင်စည်းရုံးရေး (အကြပ် /တပ်သား)သင်တန်းမှ သင်တန်းသား(၆၁)ဦး၊ နည်းပြအရာရှိများနှင့် မိသားစု/ရဲမေများ၊ စုစုပေါင်း (၁၅၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်မှ သက်ငယ်မုဒိမ်းမှုပပျောက်ရေးနှင့် မှုခင်း ကျဆင်းရေး အသိပညာပေးဟောပြောခြင်း၊ အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(မကွေး)မှ ဒုရဲမှူး ထွန်းလှအောင်မှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး မှုခင်း ကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်(၄၅၀)စောင် ဖြန့်ဝေခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။







0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video