Friday, September 28, 2018



မကွေး စက်တင်ဘာလ ၂၇ ရက်

၂၇.၉.၂၀၁၈ ရက်နေ့ ၁၂ နာရီခန့်တွင် မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာ၏ အနောက်ဘက် (၂၀)မိုင်ခန့်အကွာရှိ ရေရင်တဲတိုက်အနီးရှိ တောစပ်တွင် မသင်္ကာဖွယ်လူစိမ်း(၁)ဦးရောက်ရှိ နေကြောင်း မီးလောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်မှ ရေနံမနယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် သတင်းပေးချက်အရ ရေနံမနယ်မြေရဲစခန်းမှ ဒုရဲအုပ် တင်အောင်စန်း ဦးစီး အဖွဲ့သည် သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာ  နိုဟာတီ၊ ၂၀ နှစ်၊ ကုန်းဘောင် ကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်နေသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video