Friday, September 28, 2018


ကင်းသာ(၁) ကုန်ထုတ်အကျဉ်းစခန်းမှ ထွက်ပြေးလာသော ရဲဘက်ပြေး(၁)ဦးဖမ်းဆီးရမိမှု
မကွေး စက်တင်ဘာလ ၂၇ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် စလင်းမြို့နယ်၊ စီဆွဲကျေးရွာ အုပ်စု၊ မကျီးစင်ကျေးရွာအနီး၌ ၃.၈.၂၀၁၈ ရက်နေ့တွင် အကျဉ်းဦးစီးဌာန ကင်းသာ(၁)ကုန်ထုတ် စခန်း၊ တပ်ကုန်းမြို့နယ်မှ ထွက်ပြေးသွားခဲ့သော ထောင်ဝင်အမှတ် ညဥ/၁၇/၀၀၂၅၀ ၀င်းထိုက်၊ ၃၁ နှစ် သည် ထူးကြီးကျေးရွာ၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ စလင်းမြို့နယ်နေသူရောက်ရှိနေကြောင်း သတင်းအရ တညောင် နယ်မြေရဲစခန်းမှ  နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန်းဝင်းဌေး ဦးစီးအဖွဲ့ သည် သက်သေများနှင့်အတူ သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ ၁၂ နာရီအချိန်တွင် ရဲဘက်ပြေး ၀င်းထိုက်အား မကျီးစင်ကျေးရွာအနီးရှိ ကန်စွယ်ကျေးရွာနေ ဦးထွန်းအောင်၏ လူစောင့်တဲ (လူမနေ) အတွင်းမှ ဖမ်းဆီးရမိ ခဲ့သဖြင့် ရဲဘက်ပြေး ၀င်းထိုက်အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video