မကွေး
စက်တင်ဘာလ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်
၁၁ နာရီခွဲအချိန် ဆောမြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်ငယ် ဦးစီးအဖွဲ့၊
ဆောမြို့မရဲစခန်းမှ ဒုရဲအုပ် ၀င်းဦး ဦးစီးအဖွဲ့၊ သစ်တောရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး
တင်မောင်ဦး ဦးစီးအဖွဲ့တို့ပူးပေါင်း၍ သက်သေများနှင့်အတူ သတင်းအရ ဆောမြို့နယ်၊ ကြခတ်ကျေးရွာအုပ်စု၊
ပေါက်တောကျေးရွာအတွင်းတွင် သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာ ဆောမြို့နယ်၊ ပေါက်တောကျေးရွာနေ ဦးမြင့်ဆွေ၊ ၅၁
နှစ် ပါ(၁၃)ဦးတို့၏ နေအိမ်ခြံဝန်း အသီးသီးအတွင်းမှ ကျွန်းတံခါး ရွက်(၁၉၈)ချပ် (၂.၀၆၆)တန်၊
ကျွန်းသစ်ခွဲသားဆိုဒ်စုံ (၅၀၁)ချောင်း (၃.၈၃၅၃)တန်၊ အင်ဂျင်စက်(၁၃)လုံး၊ လွှဝိုင်း(၁၃)ခုတို့အား
တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment