Tuesday, September 18, 2018



မကွေး စက်တင်ဘာလ ၁၇  ရက်
    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် အောင်လံ မြို့နယ်၊ မြို့မရဲစခန်းမှ ရဲအုပ် ကျော်မျိုးသွင် သည် တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် ရဲဒုတပ်ကြပ် လှရွှေ နှင့် အဖွဲ့သည် မကျည်းကုန်းရပ်ကွက်၊ ယုဝလမ်းပေါ်တွင် အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်နေ အောင်အောင်(ခ)ကိုအောင်၊ ၃၃နှစ် အား အရိုးအသွား(၁၂) လက်မခွဲခန့်ရှိ ၀ါးရိုးတပ်ဓါးဦးချွန် စကေဘာ (၁)ချောင်းအား ကိုင်ဆောင်၍ အနီးရှိလူများအား အန္တရာယ်ဖြစ်စေအောင် ကိုင်ဆောင် ရမ်းကားနေသည် ကိုတွေ့ရှိရ၍ ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင် ပို့အပ်လာခဲ့သဖြင့် အောင်အောင် (ခ)ကိုအောင်အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ) ၉၄၉/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။  

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video