မကွေး
စက်တင်ဘာလ ၁၇ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့
ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မင်းလှမြို့နယ်၊ ရေနံမ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ် နေအောင်ဦးနှင့်အဖွဲ့သည် သက်သေများ နှင့်အတူ စစ္စနို့-ကန်တုတ်ကားလမ်း ရေနံမကျေးရွာဆိုင်းဘုတ်အနီးတွင်
ပိတ်ဆို့ရှာဖွေစစ်ဆေး ဆောင်ရွက်နေစဉ် ကန် တုတ်ကျေးရွာဘက်မှ စစ္စနို့ကျေးရွာဘက်သို့ မင်းဘူးမြို့နယ်၊
ဝက်မြေကန် ကျေးရွာနေ အောင်မိုးနိုင်၊ ၁၈ နှစ်၊ မောင်းနှင်ပြီး ရေစကြိုမြို့နယ်၊ ဆက်သွားကျေးရွာနေ
ဝေလွင်ဦး (ခ)အငယ်လေး၊ ၂၃နှစ် လိုက်ပါ လာသည့် ၄၃ယ/၄၀၂၃၈ KENBO 125 နီ/နက်ရောင်ဆိုင်ကယ်အား
ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ် တူးဘောက် အတွင်းမှ အရိုး (၄)လက်မခွဲ၊ အသွား (၈)လက်မ၊
ဗျက်(၁)လက်မခန့်ရှိ သတ္တုရိုးတပ် ဓါးဦးချွန် ဓါးမြှောင်(၁)ချောင်းနှင့် ဝေလွင်ဦး(ခ)အငယ်လေး
လွယ် ထားသည့် အနက်ရောင်လွယ်အိတ်အတွင်းမှ အရိုး(၅)လက်မခွဲ၊ အသွား(၄)လက်မခွဲ၊ ဗျက် (၁)
လက်မခန့်ရှိ ဓါးဦးချွန်ခေါက်ဓါး(၁)ချောင်းတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိ ခဲ့သဖြင့် အောင်မိုးနိုင်
နှင့် ဝေလွင်ဦး(ခ)အငယ်လေးတို့(၂)ဦးအား
မင်းလှမြို့ နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ) ၃၂/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အရအမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။



0 comments:
Post a Comment