Tuesday, September 18, 2018



မကွေး စက်တင်ဘာလ ၁၇ ရက်
       ၂၀၁၈ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရ်ီမှ နေ့လည် ၂ နာရီခန့်အထိ မကွေးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင် ဦးစီးတပ်ဖွဲ့ဝင်(၂+၂၀)ဦး၊ အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး ထွန်းလှအောင် ဦးစီးတပ်ဖွဲ့ဝင်(၁+၃)ဦးတို့သည် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်း လျော့နည်းကျ ဆင်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်သည့်''လင်းယုန်စီမံချက် "အတွက် မကွေးမြို့၊ ဆားရွှေ ကင်းရပ်ကွက်၊ အမှတ်(၈)အခြေခံပညာမူလတန်းလွန်ကျောင်း ခန်းမတွင် ဆားရွှေကင်းရပ်ကွက်အတွင်းရှိ ပြည်သူလူထု(၁၅၀)ဦးခန့်တို့အား သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ မှုခင်းကျဆင်းရေး၊ ယာဉ်/လမ်းစည်းကမ်း အန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မှုခင်း ကျဆင်းရေးနှင့် ယာဉ်/လမ်းစည်းကမ်းအသိ ပညာပေး လက်ကမ်းစာစောင်(၃၀၀)စောင်တို့အား ဖြန့်ဝေပေးခဲ့ပါသည်။

      ဆက်လက်၍ မကွေးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင် ဦးစီးတပ်ဖွဲ့ဝင်(၂+၂၀)ဦး၊ အမှတ်(၄) ယာဉ်ထိန်းရဲဒု တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး ထွန်းလှအောင် ဦးစီးတပ်ဖွဲ့ဝင်(၁+၃)ဦးတို့သည်  မှုခင်းပြခန်းယာဉ် 3H/3726 UD Counter (၁၀)ဘီးအပြာရောင်ယာဉ်ဖြင့် ဆားရွှေကင်းရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းရှေ့လမ်းဘေးတွင် ပြည်သူလူထု(၁၀၀)ဦးခန့် တို့အား မှုခင်းလျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်/ လမ်းစည်းကမ်း အန္တရာယ် အသိပညာပေးခြင်း၊ မှုခင်းကျဆင်းရေးနှင့် ယာဉ်/လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်(၂၀၀)စောင် ဖြန့်ဝေခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 













 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video