မကွေး
စက်တင်ဘာလ ၁၇ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ရေစကြိုမြို့ အမှတ်(၁)
ရပ်ကွက်နေ ဦးထွန်းဝေ၊ ၄၇နှစ် သည် လုပ်ငန်းခွင်မှလုပ်ငန်းပြီးဆုံး၍ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်
မိခင်ဖြစ်သူ ဒေါ်ညိုအိ မှ၎င်း၏လက်ကိုင်ဖုန်းအား နေအိမ်ဧည့်ခန်းအတွင်း ထားရှိရာမှ ပျောက်ဆုံး သွားကြောင်း၊
ဦးထွန်းဝေနှင့် ညီအစ်ကိုနှစ်ဝမ်းကွဲတော်စပ်သူ အောင်မြတ်လင်း ၃၅နှစ် သည် နေအိမ်သို့
ရောက်ရှိလာပြီး ဧည့်ခန်းတည်းလျားပေါ်တွင် အိပ်နေခဲ့ကြောင်း၊ ဒေါ်ညိုအိသည် နေအိမ်နောက်ဖေးသို့
ခေတ္တသွားစဉ် အောင်မြတ်လင်းမှာ နေအိမ်ဧည့်ခန်း၌ မတွေ့ရှိတော့ဘဲ စားပွဲပေါ်တွင်တင်ထားသည့်
REDMI NOTE II အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ခန့်မှန်းတန်ဖိုး ၂၅၀၀၀၀ိ/- မှာ ပျောက်ဆုံး သွားကြောင်း
ပြောပြသိရှိရ၍ လိုက်လံစုံစမ်းရာ အမှတ်(၆)ရပ်ကွက်၊ မင်းအိုဘုန်းကြီးကျောင်း အနောက် ဘက်ညောင်ပင်အောက်တွင်
အောင်မြတ်လင်း အား REDMI NOTE II လက်ကိုင်ဖုန်း(၁)လုံးနှင့် အတူတွေ့ရှိရသဖြင့် အောင်မြတ်လင်း အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၃၀/၂၀၁၈၊
ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment