မကွေး
စက်တင်ဘာလ ၅ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ် မျိုးဝင်းဇော်နှင့်အဖွဲ့ မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်သား ဆက်နိုင်ထွန်းတို့သည် သတင်းအရသက်သေများနှင့်အတူ မင်းဘူးမြို့နယ်၊ နန်းတော် ကုန်းကျေးရွာနေ စိုးမင်းအောင်၊ ၃၅ နှစ်၊ (ဖ)ဦးကျော်သိန်း၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ ချဲ ထီလောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ စက္ကူရောရာ ၁၀၅၀၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးမင်းအောင်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀၀၂/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အမှု ဖွင့်အရေးယူဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment