Thursday, September 6, 2018



မကွေး စက်တင်ဘာလ ၅  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့  နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်တွင်ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် သန်းအောင်လွင်နှင့်အဖွဲ့၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နှင်းရေးဌာန စိတ်မှ ဒုရဲအုပ် မျိုးဇေမြင့်နှင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဂန့်ဂေါမြို့နယ်၊ မဲကျေးရွာ နေ တင်ထွေး၊ ၄၃နှစ်၊ (ဖ)ဦးမောက်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်နှင့်ဆက်စပ်လျှက် ရှိသော အဖီအောက်ရှိ သစ်သားကုတင်ပေါ်တွင်  တင်ထွေးနှင့်အတူ တစ်ရွာတည်းနေ မကြူ၊ ၃၆ နှစ်၊ (ဖ)ဦးဖိုးလုံး၊ ဇင်မာကျော်၊ ၄၂ နှစ်၊ (ဖ)ဦးသန်းကျော်နှင့် ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာနေ ခင်စန်းဝင်း၊ ၄၄ နှစ်၊ (ဖ)ဦးစံမြ တို့(၄) ဦးအား ဖဲရိုက်လောင်းကစားနေသည်ကို တွေ့ရှိရပြီး AAA တံဆိပ်ပါအစိမ်းရောင်ဖဲချပ်(၁၀၈)ချပ်နှင့် ဖဲရိုက်လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ၊ လောင်းကြေးငွေစက္ကူရောရာ ၂၄၃၀၀ိ/- တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် တင်ထွေး ပါ(၄)ဦးအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း(ပ) ၃၅၁/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄ (က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video