မကွေး
စက်တင်ဘာလ ၅ ရက်
၂၀၁၈
ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရ်ီအချိန်တွင်
မင်းဘူးမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်းနှင့်အဖွဲ့သည် မှုခင်းကျဆင်းရေးဆောင်ရွက်နေစဉ်
ကြီးပင်တက်ကျေးရွာ ရွာခွဲ တာဝန်ခံ ဦးဇင်မင်းထိုက်မှ ကျေးရွာ ရွာဦးကျောင်း လမ်းထိပ်၌
မသင်္ကာဖွယ်လူတစ်ဦးအား ဆိုင်ကယ် တစ်စီးနှင့်အတူ တွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားချက်အရ
သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မင်းလှမြို့ နယ်၊ ညောင်ပင်ကျင်းကျေးရွာနေ ရဲထက်အောင်(ခ)စံရှီး၊
၃၇နှစ်၊ (ဖ)ဦးခင်အေး အား နံပါတ်မပါ Super Anbo 110 နီနက်ကြားရောင် ဆိုင်ကယ်နှင့်အတူ
တွေ့ရှိရ၍ အဆိုပါဆိုင်ကယ်နှင့် ပတ်သက်၍မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြောဆို
ပြသနိုင်ခြင်းမရှိသော ကြောင့် ရဲထက်အောင်(ခ)စံရှီး အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း
(ပ) ၁၀၀၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရအရေး ယူမှုဖြစ် ပါသည်။


0 comments:
Post a Comment