Friday, September 7, 2018



မကွေး စက်တင်ဘာလ ၆  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့  ည ၁၀ နာရီအချိန်တွင် ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် စခန်းလွင် ဦးစီး(၁+၆)ဦး၊ ပခန်းကြီးမီးသတ်စခန်းမှ လ/ထ မီးသတ်ဦးစီမှူး ဦးနီကျဲအို ဦးစီး(၁+၂)ဦး၊ ပခန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးပါ(၂)ဦးတို့အဖွဲ့သည်   ပိတ်ဆို့ရှာဖွေ စစ်ဆေးရေးပြုလုပ်နေစဉ် ပခုက္ကူ-ရေစကြိုကားလမ်းအတိုင်း ရေစကြိုဘက်မှပခုက္ကူ ဘက်သို့ မောင်းနှင် လာသော ၂၃ယ/၁၄၈၄၃၊ HIBAO-025၊ အနက်ရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ပခုက္ကူ စက်မှုဇုံနေ ဦးမျိုးဆွေမှ မောင်းနှင်ပြီး နောက်တွင်လိုက်ပါလာသူ ပခုက္ကူမြို့နယ်၊ စက်မှုဇုံ(၅)လမ်းနေ တင်အောင်စိုး၊ ၄၀ နှစ်၊ (ဖ)ဦးတင်ဖေ၏ ခါးကြားမှ အရိုးအသွား(၁၁)လက်မ၊ ဗျက်(၁)လက်မခန့်ရှိ၊ အသား ရိုးတပ် ဓါးဦးချွန်ဓါးမြှောင်(၁)ချောင်း(ဓါးအိမ်ပါ)အား ယူဆောင်လာ သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တင်အောင်စိုးအား  ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း (ပ) ၅၈/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိပါသည်။  

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video