Friday, September 7, 2018



မကွေး စက်တင်ဘာလ ၆  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့  ည ၉ နာရီအချိန်တွင် မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ  နယ်ထိန်းအရာရှိ ဒုရဲအုပ် သက်နိုင်နှင့် အဖွဲ့သည် သက်သေ များနှင့်အတူ (လင်းယုန်စီမံချက်)အရ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် တောင်တွင်းကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်၊ ရခိုင်ဘုရားကြီးလမ်းမပေါ်၌ မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိသဖြင့် စစ်မေးရာ ၁၀.၉.၂၀၁၇ ရက်နေ့က တောင်တွင်းကြီးမြို့မရဲစခန်း (ပ) ၁၆၁၈/၂၀၁၇၊ ပုဒ်မ -၄၄၇/၄၂၇/ ၁၄၀/ ၁၄၈/ကျင့် ၅၁၂ အမှုမှ တရား ခံအောင်နိုင်ဦး(ခ) ဖိုးလုံး(ခ)ကြည်သာစိုး၊ ၁၈ နှစ်၊ (ဖ)ဦးစိုးကြည်အား ဖမ်းဆီးရမိပြီး တရားစွဲတင်ပို့ရန် စီစဉ်ထားရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video