Friday, September 7, 2018



မကွေး စက်တင်ဘာလ ၆  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့  နံနက် ၁၀ နာရီအချိန်တွင် အောင်လံမြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲအုပ် စန်းအေးသည် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ လယ်ပြင် (B1)မြောက်ပိုင်းနေ ဦးမောင်မောင်သန်းသည် ရဲစခန်းသို့ရောက်ရှိလာပြီး တစ်လမ်းတည်း နေ အောင် လံမြို့နယ်၊ စက်ရုံရပ်ကွက်၊ လယ်ပြင်(B1)မြောက်ပိုင်းနေ ကျော်ဆန်းနိုင်၊ ၂၈ နှစ်၊ (ဖ) ဦးဝင်းအောင်သည် အရိုးအသွား(၉)လက်မခန့်ရှိ ၀ါးရိုးတပ်ဓါးမြှောင်(၁)ချောင်းအား ကိုင်ဆောင်၍ နေအိမ်ရှေ့လမ်းပေါ်တွင် ရမ်းကားနေကြောင်းလာရောက်အကြောင်းကြားသဖြင့် သက်သေများနှင့် အတူသွားရောက်ခဲ့ရာ ကျော်ဆန်းနိုင်မှာ လယ်ပြင်(B1)လမ်းပေါ်တွင် ဓါးမြှောင်(၁)ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည် ကိုတွေ့ရှိရသဖြင့် အောင်လံမြို့နယ်၊ မြို့မရဲစခန်း(ပ)၈၈၉/၂၀၁၈  လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video