မကွေး
စက်တင်ဘာလ ၅ ရက်
၂၀၁၈
ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင်
မင်းဘူးခရိုင်၊ ငဖဲမြို့ နယ်၊ ဇင်ပြွန်းကျေးရွာအုပ်စု၊ပျဉ်းဝကျေးရွာအနီးရှိ နတ်ရေကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်
ငဖဲမြို့မ ရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးသူ ဦးစီး(၁+၂)ဦး ၊ ငဖဲမြို့နယ်၊ အလုပ်သမား
၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ အင်အား ဦးစီးမှူး ဦးတင်မောင်ရင်ပါ (၃)ဦး၊ ပဒါန်းရဲကင်းစခန်းမှ
ရဲအုပ် ကျော်ဇေယျ ဦးစီး (၂+၂)ဦး၊ ဂုတ်ကြီးရဲကင်း စခန်းမှ ရဲအုပ် ရဲနိုင်စိုး ဦးစီး(၁+၂)ဦးတို့ပါဝင်သော
ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပိတ်ဆို့ စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်နေစဉ် ငဖဲမြို့နယ်၊
သာယာကုန်း ကျေးရွာအနီး မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ်(၃၅/၃)အနီးရှိ ကားလမ်းဘေးတောစပ်(ခန့်မှန်း
မပည-FT-600053)တွင် မွတ်စလင် လူမျိုး(၂)ဦး ပုန်းအောင်းနေကြောင်းသတင်းအရ ၁၀ နာရီ ၃၀
မိနစ်အချိန်တွင် ပူးပေါင်းအဖွဲ့မှ သွားရောက် ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်၊
မြောက်ဦးမြို့ နယ်နေ ဘော်နီ (ခ)ဘော်နီယာအာမင်နှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊
ရှမ်းတောင်ကျေးရွာနေ ခိုင်ရိုဘော်ရှာတို့(၂)ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိသော
မွတ်စလင်လူမျိုး (၂) ဦး အား ၁၉၄၉ခုနှစ်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်အက်ဥပဒေပုဒ်မ
၆(၃)ဖြင့် ငဖဲမြို့မ ရဲစခန်းတွင် အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်းသတင်းရရှိပါသည်။




0 comments:
Post a Comment