မကွေး
စက်တင်ဘာလ ၅ ရက်
၂၀၁၈
ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် အောင်လံမြို့နယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွှန့်ဦး နှင့်အဖွဲ့သည်
သက်သေများနှင့်အတူ အောင်လံမြို့၊ အထက(၁) အားကစား ကွင်းအတွင်း ကျင်းပ လျက်ရှိသော ဈေးပွဲတော်တွင် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ်
ဈေးပွဲတော်၏ မြောက်ဘက်ခြမ်း ဖျော်ဖြေရေး စတိတ်စင်ရှေ့တွင် မသင်္ကာတွေ့ရှိသည့်
အောင်လံမြို့နယ်၊ အင်းပေါက် ကျေးရွာနေ ရဲကို၊
၂၅ နှစ်အား စစ်ဆေး ရာ ၄င်းဝတ်ဆင်ထားသည့် ဘောင်ဘီခါးကြားတွင် အရိုးအသွား (၁၀) လက်မခန့်ရှိ
ဝါးရိုးတပ်ဓါးမြှောင် (၁) ချောင်းအား ဓါးအိမ်ဖြင့်စွတ်လျက် တွေ့ရှိသောကြောင့် ရဲကို အား အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်း
(ပ) ၈၈၇/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှု ဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပါသည်။



0 comments:
Post a Comment