Saturday, September 8, 2018



မကွေး စက်တင်ဘာလ ၇  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ည ၁၂ နာရီ ၁၇ မိနစ်အချိန်တွင် မြိုင်မြို့နယ်၊ မြို့နယ် သစ်တောဦးစီးဌာနနေ ဦးဟန်ချိုထွန်း၊ ၄၆ နှစ်၊ (ဖ)ဦးစိန်ရန်သည် မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဌေး၊ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းအောင်တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် တရားမ၀င်သစ်များသယ်ဆောင်လာကြောင်းသတင်းအရ သက်သေများနှင့်အတူ ပုသိမ်-မုံရွာကားလမ်း အလယ်ကန်ကျေးရွာအနီး၌ စောင့်ဆိုင်းနေစဉ် အလယ်ကန်ကျေးရွာဘက်မှ မြိုင် ဘက်သို့ မင်းဘူးမြို့နယ်၊  အမှတ်(၃)ရပ်ကွက်နေ ဌေးလွင်၊ ၄၅ နှစ်၊ (ဖ)ဦးအေးကြူ မောင်းနှင်ပြီး နောက်တွင် လှိုင်သာယာမြို့နယ်၊ ဆင်ဖြူရှင်လမ်းနေ ဇော်ဇော်အောင်၊ ၃၇ နှစ် လိုက်ပါလာသည့်  6B/6145 Nissan Dieseal (၁၂) ဘီးဖြူပြာကြားရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ  ယာဉ်ပေါ်တွင် တရားမ၀င် ပိတောက် ခွဲသား(၈၂)ချောင်း၊  ၈.၀၂၄၀ တန်၊ စုစုပေါင်းကာလတန်ဘိုး ၂၄၀၄၂၆၀ိ/-တို့အား ရှာဖွေသိမ်း ဆည်း ရမိသဖြင့်  တရားမ၀င်သစ်ခွဲသားများ တင်ဆောင်သူ ဌေးလွင် နှင့် ဇော်ဇော်အောင်တို့အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၈၄၇/၂၀၁၈၊ ပပက ၆(၁)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video