မကွေး
စက်တင်ဘာလ ၇ ရက်
၂၀၁၈
ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဦးထွန်းရ၊ ၆၀ နှစ်၊ (ဖ)ဦးဘိုးဆိပ်သည်
အိပ်ယာမှနိုး၍ နေအိမ်ဝိုင်းအတွင်း မန်ကျည်းပင်၌ ချည်နှောင်ထားသည့် နွားထီး (၂)ကောင်အနက်မှ
ကာလတန်ဘိုး ၅၅၀၀၀၀ိ/-ခန့်ရှိ နွားထီး (၁) ကောင်မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့်
အိမ်နီးချင်းများနှင့်အတူ လိုက်လံရှာဖွေ စုံစမ်းနေစဉ် ဖက်တဲကျေးရွာနေ ဦးမျိုးမြင့်အောင်မှ
တစ်ရွာတည်းနေ ဦးထွန်းရ၏ မယားပါသားဖြစ်သူ နေအောင်၊ ၂၉ နှစ် သည် ဖက်တဲကျေးရွာ၌ နွားထီး(၁)ကောင်အား
လိုက်လံရောင်းချနကြောင်း ဖုန်း ဖြင့် ဆက်သွယ် အကြောင်းကြားချက်အရ သိရှိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ
၎င်းပျောက်ဆုံး နေသော နွားဖြစ်ကြောင်းတွေ့ရှိရသဖြင့် နွားခိုးယူသူ နေအောင်အား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမ နယ်မြေရဲစခန်း
(ပ) ၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ် ၃၈၀(တ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိပါသည်။



0 comments:
Post a Comment