Saturday, September 8, 2018



မကွေး စက်တင်ဘာလ ၇  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်အချိန်တွင်  မင်းဘူးမြို့နယ်၊ မြို့မ ရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်းသည် မင်းဘူးမြို့၊  အမှတ်(၄)ရပ်ကွက်နေ ဒေါ်မြင့်မြင့်စိန်၊ ၅၇ နှစ်၊ (ဖ) ဦးထွန်းကြိုင်၏ နေအိမ်တွင် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်းသတင်းအရ သက်သေ များနှင့် အတူမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၁၄/၁၈)ဖြင့် ၀င်ရောက်ရှာဖွေရာ ဒေါ်မြင့်မြင့်စိန် အား နေအိမ် ဧည့်ခန်းတွင်အသင့်တွေ့ရှိသဖြင့် ဆက်လက်ရှာဖွေရာ နေအိမ် နောက်ဘေးအဆောင်ရှိ ထမင်းစားပွဲ၌ မင်းဘူးမြို့နယ်၊  အမှတ်(၂)ရပ်ကွက်နေ မသင်း၊ ၄၀ နှစ်၊ (ဖ) ဦးအေးကြိုင်အား နှစ်လုံး ထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ လောင်းကြေးငွေ စက္ကူရောရာ ၅၉၅၅၀ိ/-အား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမ၀င်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ မသင်းနှင့် နေအိမ်၌ လောင်းကစားပြုလုပ်ရန်ခွင့်ပြုသူ ဒေါ်မြင့်မြင့်စိန် တို့ (၂)ဦးအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀၀၄/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆ (က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video