မကွေး
စက်တင်ဘာလ ၇ ရက်
၂၀၁၈
ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ၁၂ နာရီ ၁၇ မိနစ်အချိန်တွင်
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အလယ်ကန်ကျေးရွာအုပ်စု၊ အလယ်ကန်ကျေးရွာအနီးပုသိမ်-မုံရွာကားလမ်း
မိုင်တိုင်အမှတ်(၄၀၇ /၃)တွင် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသန့်ဇင်ခိုင်ပါ (၅)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းအောင်ဦးစီး (၃+၂)ဦး၊
မြို့နယ်သစ်တောဦးစီး ဌာနမှ တောအုပ်ဦးဟန်ချိုပါ (၇)ဦးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည်
တရားမ၀င်သစ်များသယ်ဆောင် လာကြောင်း သတင်းအရ သွားရောက်စောင့်ဆိုင်းနေစဉ် မုံရွာမြို့နယ်ဘက်မှ
မင်းဘူးမြို့၊ အမှတ်(၃) ရွှေတောင်ကြားရပ်ကွက်နေ ဌေးလွင်၊ ၄၅ နှစ်၊ (ဖ)ဦးအေးကြူ မောင်းနင်လာပြီးယာဉ်နောက်လိုက်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ဆင်ဖြူရှင်လမ်းနေ ဇော်ဇော်အောင်၊ ၃၇ နှစ်၊
(ဖ) ဦးအောင်နိုင် လိုက်ပါလာသည့် ယာဉ်အမှတ် 6B/6145 NISSAN ဖြူပြာရောင် (၁၂)ဘီးယာဉ်အား
ရပ်တန့်စစ်ဆေးရာ တရားမ၀င်ပိတောက် သစ်ခွဲသား ဆိုဒ်စုံ (၅)တန်ခန့်၊ ခန့်မှန်းတန်ဖိုး(၁၅၀၀၀၀၀ိ/-)
ခန့်သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိဖမ်းဆီး ရမိခဲ့ သဖြင့် ဌေးလွင်နှင့် ဇော်ဇော်အောင်တို့
(၂)ဦးအား ဥပဒေအရအရေးယူရန်စီစဉ်ထားရှိပါကြောင်း သတင်း ရရှိပါသည်။



0 comments:
Post a Comment