Friday, September 7, 2018



မကွေး စက်တင်ဘာလ ၆  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့  ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် DENKO ဆီဆိုင်အနီး၊ အထက(၃)လမ်းဆုံ၊ မကွေး-နတ်မောက်ကားလမ်း၊ မကွေးမြို့တွင် လင်းယုန်စီမံချက်အရ ဒုရဲအုပ် စအောင်လင်းထွန်းနှင့်အဖွဲ့သည် သက်သေမြင်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းလှိုင်ပါ(၂) ဦး တို့နှင့်အတူ အထက(၃)လမ်းဆုံတွင် မော်တော်ယာဉ်နှင့်ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေး ရှာဖွေနေစဉ် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဇီးပင်ပေါက်ကျေးရွာနေ တင်ထွန်း မောင်းနင် လာသော MDY 9L/ 3968 ၊ ဟိုက်ဂျက်အမျိုးအစား၊ အဖြူရောင်ယာဉ်အား စစ်ဆေးခဲ့ရာ ကား ရှေ့ခန်းနှင့်တူးဘောက် အတွင်းမှ အရိုးအသွား (၂၀)လက်မ၊ ဗျက်(၁)လက်မခန့်ရှိ စတီးရိုးတပ် ဓါးဦးချွန်(၁)ချောင်း၊ အရိုးအသွား (၉)လက်မ၊ ဗျက်(၁)လက်မခန့်၊ သစ်သားရိုးတပ်ဓါးမြှောင်(၁) ချောင်းတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိ ခဲ့သဖြင့် တင်ထွန်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၀၄၈/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။   

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video