Friday, September 7, 2018



မကွေး စက်တင်ဘာလ ၆  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့  ည ၁၁ နာရီအချိန်တွင် မင်းလှမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းထိုက်နှင့်အဖွဲ့သည် သက်သေ ရွာတော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မျိုးပါ(၂) ဦးတို့နှင့်အတူ နယ်မြေစိုးမိုးရေးလှည့်ကင်းဆောင်ရွက်နေစဉ် မင်းဘူး-မင်းလှကားလမ်း မိုင်တိုင် (၁၈/၂)နှင့်(၁၈/၃)ကြား၊ ရွာတော်ကျေးရွာလမ်းပေါက်၊ လမ်း၏၀ဲဘက် လမ်းဘေးတွင်ရပ်ထားသော 9L-9750၊ IVECO အဖြူရောင် (၂၂)ဘီး ဆီဘောက်ဆာယာဉ်ပေါ်တွင် ဖဲရိုက်လောင်းကစားပြုလုပ် နေသည်ကိုတွေ့ရှိသဖြင့် ၀င်ရောက် ဖမ်းဆီးရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာ ကြီးကျေးရွာနေ အောင်ဇော်ဦး၊ ၃၀နှစ်၊ (ဖ)ဦးခင်မောင်သန်း ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ  ခွန်သောင်းလှိုင်စိန်၊ ၃၆နှစ်၊ (ဖ)ဦးချစ်ကြိုင်နှင့် မန္တလေးတိုင်းဒေသ ကြီး၊ ပုလိပ်မြို့နေ နိုင်အောင်၊ ၂၅နှစ်၊(ဖ) ဦးထွန်းလင်း တို့(၃)ဦးအား ဖဲရိုက်လောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်ငွေစက္ကူရောရာ ၁၁၀၀၀၀ိ/- တို့နှင့်အတူ ဖဲရိုက်လောင်းကစား နေစဉ် တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်ဇော်ဦးပါ(၃)ဦးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း(ပ) ၉၉/ ၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိ ပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video