Sunday, September 16, 2018

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးဝင်း ဦးစီးသော အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း တာဝန်ဆောင် ရွက်နေစဉ် ဆိပ်ဖြူ-စလင်းကားလမ်းဘေး၊ ရေလယ် ကျွန်းကျေးရွာတွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ချောက်မြို့နယ်၊ တိုးချဲ့ ရပ်ကွက်နေ စောနိုင်၊ ၃၃ နှစ် ဖြစ်ပြီး ၎င်းဝတ်ဆင် ထားသော ဘောင်းဘီအိတ်ကပ်အတွင်းမှ 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၉)ပြား၊ ၀.၉ဂရမ်၊ ကာလတန်ဘိုး ၄၅၀၀၀ိ/-ခန့်၊ Inet တံဆိပ်ပါ ကီးပက်ဖုန်း (၁)လုံးနှင့် ငွေစက္ကူရောရာ ၁၆၀၀ိ/-တို့အား ရှာဖွေ သိမ်းဆည်းရမိသဖြင့် စောနိုင်အား ဆိပ်ဖြူမြို့နယ်၊ မြို့မ ရဲစခန်း မယ(ပ)၂/ ၂၀၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၆(ဂ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိ ပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video