Sunday, September 16, 2018


       ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းထွန်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ တောင်တွင်း-မကွေး လမ်းပေါ်တွင် ပိတ်ဆို့ ရှာဖွေရေးဆောင်ရွက်နေစဉ် တောင်တွင်းကြီးမြို့နယ်၊  ရေဝေကျေးရွာနေ ကိုဝင်း၊ ၃၂ နှစ် မောင်းနှင်လာသည့် Furon 125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်း၏ခါးတွင် ခါးပတ်နှင့်ပတ်ထားသည့် အရိုးအသွား(၁၈)လက်မခန့်ရှိ ဓါးဦး ချွန်ဓါးရှည်(၁)ချောင်းအား တွေ့ရှိ ရသဖြင့် ကိုဝင်း အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၃၁၉/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video