Monday, September 17, 2018



မကွေး စက်တင်ဘာလ ၁၆  ရက်
    ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ မကွေးမြို့ပေါ်တွင် မှုခင်းများလျော့နည်းကျဆင်းရေး အတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်း/ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား ညဥ့်ဦးပိုင်း/ညဉ့်နက်ပိုင်း စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ထွက်သွားလာသည့် နေရာများတွင် အများပြည်သူစိတ် ညိုငြင်အောင်၊ စိတ်အနှောင့် ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင် အရက်သေစာသောက်စားသူ မကွေးမြို့နယ်၊ ကန်သာ ရပ်ကွက်နေ အောင်အောင်၊ ၃၆နှစ်၊ မကွေးမြို့နယ်၊ အောင်ရတနာရပ်ကွက်နေ ထွန်းလွင်၊ ၃၃နှစ်၊ မကွေးမြို့ နယ်၊ မကျည်းကန်ကျေးရွာနေ  ပြည့်သိန်း၊ ၃၂နှစ်၊ တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၂)ရပ်ကွက်နေ အောင်ထွန်းဦး၊ ၃၂ နှစ်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင်(၁)ရပ်ကွက်နေ ချစ်စန်းမောင်၊ ၃၄ နှစ်နှင့် တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းကျေးရွာနေ အောင်ကျော်လင်း၊ ၃၀ နှစ် တို့(၆)ဦးအား မူးယစ်ရမ်းကား နေသည်ကိုတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး  မကွေးမြို့နယ်တရားရုံးသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။








0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video