Monday, September 17, 2018



မကွေး စက်တင်ဘာလ ၁၆  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မျိုးလွင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့ အမှတ်(၁၁)ရပ်ကွက်၊ မြိုင်လမ်းနှင့် မြို့ရှောင် လမ်းဆုံတွင် မှုခင်းကျဆင်းရေး ဆောင်ရွက်နေစဉ် မြိုင်မြို့ဘက်မှ ပခုက္ကူမြို့ဘက်သို့ လမ်းလျောက်နေ သည့်  လူငယ်တစ်ဦးအား မသင်္ကာ၍စစ်မေးရာ ၎င်းသည်  ပခုက္ကူမြို့နယ်၊ ဇီးကုန်း ကျေးရွာနေ မိုးမင်းသိန်း၊ ၁၉နှစ်၊ (ဖ)ဦးကျော်ဝင်း ဖြစ်ပြီး ၎င်း၏ဘောင်းဘီဝဲဘက် အိတ်ကပ်အတွင်း မှ အရိုးအသွား (၇)လက်မခန့်ရှိ ဓါးဦးချွန်ဓါးမြှောင်(၁)ချောင်းအား တွေ့ရှိရသဖြင့် မိုးမင်းသိန်း အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ)၄၄၅၀/ ၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video