မကွေး
စက်တင်ဘာလ ၁၆ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှ
၎ နာရီ ခွဲခန့်ထိ မင်းလှမြို့နယ်၊
ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ မြို့မရဲစခန်းဝန်းအတွင်း (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို
ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ပါသည်။
အခမ်းအနားတွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး ထင်အောင်လင်းမှ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ ရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားခြင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ ရှင်းလင်းခြင်း နှင့်
အားကစား စိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ရန်၊ ခိုက်ရန်မဖြစ်ပွားရန် မှာကြားခဲ့ကြောင်း
သိရပါသည်။
အခမ်းအနားသို့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး ထင်အောင်လင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်သန်း၊ မင်းလှမြို့မရဲစခန်းမှူး
ဒုရဲမှူး သန်းလှိုင်နှင့် တပ်ဖွဲ့ဝင်/မိသားစုဝင်များ၊ ပိုက်ကျော်ခြင်း ၀င်ရောက်ယှဉ်ပြိုင်မည့်
အသင်း(၁၁)သင်းမှ တပ်ဖွဲ့ဝင်အားကစားသမားများ(၃၃)ဦး၊ စုစုပေါင်း အင်အား (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း
သိရပါသည်။
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
အုပ်စုပွဲစဉ်များကို စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့ အထိလည်းကောင်း၊
တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် လည်းကောင်း
ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




0 comments:
Post a Comment