မကွေး
စက်တင်ဘာလ ၁၆ ရက်
စက်တင်ဘာလ ၁၆ ရက်နေ့ ည(၁၁)နာရီခန့်တွင် အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွန့်ဦး၊
ရဲအုပ် စန်းအေးနှင့်အဖွဲ့တို့သည် ရွှေညောင်ပင်ကျေးရွာအနီး မြို့ဝင်မြောက်ဘက်ဂိတ်တွင်
သက်သေ ရွှေညောင် ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
ဦးမြင့်ခိုင်ပါ(၂)ဦး တို့နှင့်အတူ ပိတ်ဆို့ရှာဖွေရေးဆောင်ရွက် နေစဉ် 5I/ 6877၊ HINO XZU34 TRUCK၊ ဖြူ/ခဲရောင် (၆)ဘီးအငှားယာဉ်ပေါ်၌
မိုးကာစိမ်း ဖုံးအုပ်လျှက် ခိုင်းနွား အထီး(၆)ကောင်အား တင်ဆောင်သယ်ယူလာသည်ကို တွေ့ရှိရသဖြင့်
စိစစ်ရာ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာနေ ဇော်လင်း၊ ၄၅နှစ်မှ
ပဲခူးတိုင်း ဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကျုံးကျုံးကျကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာနေ
နွားပိုင်ရှင် ၀င်းဇော်၊ ၄၁နှစ် နှင့်အတူ
တင်ဆောင် လာသော နွားများဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊ ၀က်ပုတ်ကျေးရွာသို့
သယ်ဆောင် မည်ဖြစ်ကြောင်း စိစစ်သိရှိရပြီး မကွေးတိုင်းဒေသကြီးအစိုးရ
အဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ (၂) ခုလုံး၏ သဘောတူခွင့်ပြုချက်မပါရှိဘဲ သယ်ဆောင်လာ သည်ကို တွေ့ရှိရသဖြင့် နွားပိုင်ရှင် ၀င်းဇော် နှင့်ယာဉ်မောင်း ဇော်လင်း
တို့(၂)ဦးအား အောင်လံမြို့ နယ်၊ မြို့မရဲစခန်း(ပ)၉၄၈/၂၀၁၈၊ အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု
ဥပဒေပုဒ်မ ၅ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။






0 comments:
Post a Comment