၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ
၃၀ မိနစ် အချိန်တွင် မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အောင်ကျော်စိုးနှင့်အဖွဲ့သည်
သက်သေများနှင့်အတူ နယ်မြေသတင်း စုံစမ်းနေစဉ် မကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာ ရွာလယ်လမ်းမတွင်
လူငယ်တစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိရ၍ စစ်ဆေးမေးမြန်း ခဲ့ကြရာ မကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာနေ
သီဟထွန်း၊ ၁၅နှစ် (ဖ)ဦးအောင်စိုးဆိုသူ ဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသောစပို့ရှပ်
အကျီင်္အတွင်းမှ MI တံဆိပ်ပါ အဖြူရောင်ဖုန်း(၁)လုံး (အစိမ်းကွက်ပါ စီလီကွန်ကာဗာစွပ်ထား)
HUAWEI တံဆိပ်ပါ အဖြူရောင်ဖုန်း(၁)လုံး၊ VIVO တံဆိပ်ပါ အနက်ရောင်ဖုန်း(၁)လုံးတို့အား
စစ်ဆေးတွေ့ရှိရ၍ ဖုန်းများနှင့်ပတ်သက်ပြီး ပိုင်ဆိုင်ခြင်း ရှိ/မရှိ မေးမြန်းရာ အထောက်အထား
တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိသည့်အတွက် အခြားနေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ
ခိုးယူလာသည်ဟု မင်္သကာဖွယ်ဖြစ်သူ သီဟထွန်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၉၅၄/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် သီဟထွန်း၊ ၁၅နှစ်၊ (ဖ)ဦးအောင်စိုးအား ဆက်လက် စစ်ဆေးရာ ၎င်းသည် လွန်ခဲ့သော(၉)ရက်ခန့်က ချမ်းမြေ့သာယာကျေးရွာရှိ နေအိမ်တစ်အိမ်မှ Ooredoo
တံဆိပ်ပါ အဖြူရောင်ဖုန်းဟန်းဆက်(၁)လုံး၊ Phicomm တံဆိပ်ပါ အနက်ရောင်ဖုန်းဟန်းဆက်(၁)လုံး၊
Hello တံဆိပ်ပါ ရွှေရောင်ဖုန်းဟန်းဆက် (၁)လုံး ၊ Hero တံဆိပ်ပါ အဖြူရောင်ဖုန်းဟန်းဆက်
(၁)လုံးတို့အား ခိုးယူ၍ မြို့ပတ်လမ်းနှင့် မဲထီးလမ်းထောင့်ရှိ သုံးဘီးဆိုင်ကယ်ဂိတ်တွင်
Ooredoo တံဆိပ်ပါ အဖြူရောင်ဟန်းဆက် (၁)လုံး၊ Phicomm တံဆိပ်ပါ အနက်ရောင်ဟန်းဆက်(၁)လုံးတို့အား
(တန်ဖိုး ၂၅၀၀၀ိ/-)စီဖြင့်၊ ဦးပြည့်စုံ ထံသို့လည်းကောင်း၊ Hero တံဆိပ်ပါ ရွှေရောင်ဟန်းဆက်(၁)လုံး
(တန်ဖိုး၂၅၀၀၀ိ/-)အား သူရပိုင် ထံသို့ လည်းကောင်း Hello တံဆိပ်ပါ အဖြူရောင်ဟန်းဆက်(၁)လုံး(တန်ဖိုး
၂၅၀၀၀ိ/-)အား ကိုရှိုင်းအောင်မိုး ထံသို့လည်းကောင်း ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
သက်သေခံ ပစ္စည်းများ သိမ်းဆည်းကာ သီဟထွန်း အား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ)၉၅၅/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ ထပ်မံအရေး ယူဆောင်ရွက်လျှက်ရှိပါသည်။
Tuesday, August 28, 2018
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment