မကွေး
သြဂုတ်လ ၂၈ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀
နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး
ယာယီရဲမှူး တင်မောင်ညို၊ တောင်တွင်းကြီးမြို့မစခန်းမှူး ဒုရဲမှူး သိန်းထွန်း
ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မိသားစုများမှ စုပေါင်း၍ ငှက်ပစ်တောင်တောရ ဘုန်းတော်ကြီးကျောင်းတိုက်
ဆရာတော် ဦးမာနိတ နှင့်သံဃာတော်(၁၀)ပါးတို့အား
နေ့ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ် တို့အား ဆက်ကပ်လှူဒါန်းပြီး ငါးပါးသီလခံယူခြင်း၊
နိဗ္မာန်ရောက်ကြောင်း တရားနာယူပြီး၊ အလှူငွေ(၅၀၀၀၀ိ/-)နှင့်
လှူဖွယ်ဝတ္တူအစုစုတို့အား ရေစက်သွန်းချလှူဒါန်းခဲ့ကာ နေ့လည် ၁၁ နာရီတွင် ဘိုးဘွားရိပ်သာရှိ
အဘိုး(၄)ဦး၊ အဘွား(၁၀)ဦး၊ စုစုပေါင်း(၁၄)ဦး တို့အား အဟာရဒါန သွားရောက်လှူဒါန်းခဲ့ကြောင်း
သတင်းရရှိရပါသည်။
0 comments:
Post a Comment