မကွေး
သြဂုတ်လ ၂၈ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ
၅၀ မိနစ် အချိန်တွင် မကွေးတိုင်း ဒေသကြီး မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် နန်းရဲဇော်
သည် မကွေးတိုင်းဒေသကြီး မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့မှ ရဲဒုတက ချမ်းသာအောင်၊ ရဲတသ
ဝေဖြိုးအောင်၊ မကွေးတိုင်းဒေသကြီး မှုခင်း နှိမ်နင်းရေးဌာနမှ ရဲအုပ် ဇော်ဝင်း၊ ရဲအုပ်
ရဲနိုင်မြင့်၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး ယဉ်မင်းပိုက်၊ မင်းဘူးခရိုင်(မူ/ကူ)မှ
ရဲတပ်ကြပ်ကြီး မျိုးနိုင်တို့သည် သက်သေများနှင့်အတူ မူးယစ် ဆေးဝါးသတင်းအရ မင်းဘူး-ပဒါန်း-အမ်းကားလမ်း
မိုင်တိုင်အမှတ်(၃၁/၆)နှင့် (၃၁/၇)အကြား ငဖဲမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ စာတတ်ကူကျေးရွာအနီး၊
ဘီးခွန်ကောက်ခံရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ် ဇင်ပြွှန်ကျေးရွာမှ ပဒါန်းကျေးရွာ ဘက်သို့
မောင်းနှင်လာသည့် ၁၀ယ/၈၁၈၇၇ Honda Click-125၊ နက်ပြာရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ
ဆိုင်ကယ်စီးနင်းလာသူမှာ ငဖဲမြို့နယ်၊ ဇင်ပြွှန်ကျေးရွာနေ ခွန်ဆာ၊ ၂၀ နှစ်၊ (ဖ)ဦးအံပါ
ဖြစ်ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ် တူးဘောက်အတွင်းမှ အ၀ါရောင်ပီနံအိတ်အတွင်းတွင် အနက်ရောင်
ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထား သော ဆေးခြောက်ဟုယူဆရသော စိမ်းညိုရောင် အရိုး/အစေ့/ အရွက်ခြောက်
အလေးချိန် (၇၀ ကျပ်သားခန့်)၊ (၁၁၄၃.၁)ဂရမ်ခန့်၊ တန်ဖိုး ၂၁၀၀၀၀ိ/-နှင့် ၎င်း၏ ခါးကြားအတွင်းမှ
HUAWEI အမျိုးအစားအနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါး
ဆေးခြောက်များအား ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိသူ ခွန်ဆာ အား ငဖဲမြို့နယ်၊ မြို့မရဲစခန်း
မယ(ပ)၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က) အရ အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။
0 comments:
Post a Comment