မကွေး
သြဂုတ်လ ၂၈ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ ည ၇ နာရီ
၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရေးအထူးအဖွဲ့
သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စည်သူဝင်းသည် သရက်ခရိုင် (မှု/နှိမ်)ဌာနစိတ်မှ
ဒုရဲအုပ် သိန်းမင်းနှင့်အဖွဲ့ အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွန့်ဦး နှင့်အဖွဲ့တို့သည်
သက်သေများနှင့်အတူ သရက်ခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့် ၀ရမ်းအမှတ်
(၁/၂၀၁၈) ဖြင့် အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ အောင်မင်္ဂလာ(၁)လမ်း၊ B-1 (၆)လမ်းနေ အောင်ကျော်လတ်
၂၈ နှစ်၊ (ဖ)ဦးအောင်ခိုင်၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ရောင်းချနေကြောင်း
သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာ အိမ်ရှင်ဖြစ်သူ အောင်ကျော်လတ်နှင့် အောင်လံမြို့၊ ဈေးကုန်းရပ်၊
အောင်မင်္ဂလာ(၁) လမ်းနေ ကျော်ဇေယျ၊ ၂၂ နှစ်၊ (ဖ)ဦးတင်မောင်စိုး တို့အား နေအိမ်ဘုရားခန်းအတွင်းတွင်
တွေ့ရှိရပြီး ၎င်းတို့အနီးမှ Red Ruby ဆေးလိပ်ဗူးအတွင်း
ထည့်ထားသော WY စာတမ်းပါ စိတ်ကြွှရူးသွပ်ဆေးပြား (၂၄)ပြား၊ (၂.၄)ဂရမ်၊ အပြာရောင် ပလပ်စတစ်အိတ်အတွင်း
ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွှရူးသွပ်ဆေးပြား (၁၆၈)ပြားနှင့် အစိမ်းရောင်စိတ်ကြွှရူးသွပ်ဆေးပြား(၂)ပြား၊
(၁၇) ဂရမ်၊ ခရမ်းရောင်ဂတ်(စ်)မီးခြစ် အသေး(၁)လုံး၊ အ၀ါရောင်ဂတ်(စ်)မီးခြစ်အကြီး(၁)လုံး၊
စိတ်ကြွှ ရူးသွပ်ဆေးပြား သုံးစွဲရာတွင် အသုံးပြုသော ခဲစက္ကူပေါ်၌ သုံးလက်စ လိမ္မော်ရောင်စိတ်ကြွှရူးသွပ်ဆေးပြား
တစ်ဝက်ခန့် အပိုင်းအစ(၁)ခု၊ (၀.၀၅)ဂရမ်၊ Dagon ဘီယာ သံဗူးခွံအပိုင်း(၁)ခု၊ စုစုပေါင်း
(၁၉၄၅)ဂရမ်၊ တန်ဖိုး ၉၇၂၅၀၀ိ/-တို့အား သိမ်းဆည်းရမိခဲ့သဖြင့် အောင်ကျော်လတ်နှင့် ကျော်ဇေယျတို့(၂)ဦးအား
အောင်လံမြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အရေးယူ
ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
0 comments:
Post a Comment