Monday, August 27, 2018

မကွေး သြဂုတ်လ ၂၇ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် တွင် မြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇေယျာထွန်းနှင့်အဖွဲ့သည် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ် ၆/၂၀၁၈ ဖြင့် မြိုင်မြို့နယ်၊ ထန်းငယ်တောကျေးရွာနေ ဦးပေါ၊ ၄၉ နှစ်၊ (ဖ) ဦးဘချစ်၏ နေအိမ်အား သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ ဦးပေါ ၏ပုဆိုးခါးပုံစ အတွင်းမှ COLA တံဆိပ်ပါ ပလပ်စတစ်ဗူးအတွင်း ပလပ်စတစ် အပြာရောင်အိတ်ဖြင့်ထည့်လျှက် 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၁၁၁)ပြား၊ 88/1 စာတမ်းပါ အစိမ်းရောင်စိတ်ကြွဆေးပြား (၂)ပြား၊ စုစုပေါင်း (၁၁၃)ပြား၊ (၁၁.၃)ဂရမ်၊ ခန့်မှန်း တန်ဘိုး ၅၆၅၀၀၀ိ/-၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်ငွေစက္ကူရာရာ ၁၆၀၀၀၀ိ/- တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် ဦးပေါအား မြိုင်မြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၁/၂၀၁၈၊ မူးစိတ်ဥပဒေပုဒ်မ ၁၉(က)/၂၀(က) အရ အရေးယူဆောင်ရွက်လျှက်ရှိပါသည်။ 


 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video