Friday, August 31, 2018



မကွေး သြဂုတ်လ ၃၁  ရက်
        ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှု ကြောင့် မြစ်ကမ်းပါးနှင့် နီးကပ်လျှက်ရှိသည့် ရေစကြိုမြို့နယ်၊ ငါးလန်ကျွန်းကျေးရွာအုပ်စု ငါးလန်ကျွန်း ကျေးရွာရှိ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်းအား ကျေးရွာမြောက်ဘက်ရှိ ကွင်းပြင်သို့ပြောင်းရွေ့မှု ကို ပခန်းငယ်ရဲကင်း စခန်းမှ ရဲအုပ် ၀င်းကို ဦးစီး တပ်ဖွဲ့ဝင်(၁+၉)ဦး ငါးလန်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင်ပါ ကျေးရွာ သူ/ရွာသား(၄၀)ဦးတို့မှ ၀ိုင်းဝန်းဖျက်သိမ်းကူညီပြောင်းရွေ့ပေးခဲ့ရာ ၁၇၃၀ အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါ သည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video