Friday, August 31, 2018


မကွေး သြဂုတ်လ ၃၁  ရက်
     ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ ည ၁၉၀၀ နာရီအချိန်မှ၂၄၀၀ အချိန်ထိ ညဉ့်ဦးလှည့်ကင်းအား ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး မျိုးမြင့် ပါတပ်ဖွဲ့ဝင်(၅) ဦးတို့သည် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေယုအောင် တို့နှင့်အတူ အမှတ်(၁/၈/၉) မြို့ပေါ်ရပ်ကွက်များ အားလုံးအထိ လည်းကောင်း၊ ညဉ့်နက်လှည့်ကင်းအား ၂၄၀၀ နာရီ အချိန်မှ ၀၆၀၀ နာရီအချိန်ထိ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲအုပ် သိန်းဌေးဦး ဦးစီးတပ်ဖွဲ့ဝင်(၁+၅) ဦးတို့သည် အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်လှိုင်တို့နှင့်အတူ အမှတ်(၅/၆/၇) မြို့ပေါ်ရပ်ကွက်များအားလုံးအထိ လည်းကောင်း၊ ရေစကြို မြို့မရဲစခန်းမှ ညဉ့်ဦးလှည့်ကင်း အား ၁၉၀၀ နာရီအချိန်မှ ၂၄၀၀ နာရီ အချိန်ထိ ရေစကြိုမြို့မ ရဲစခန်းမှ ရဲ တပ်ကြပ်ကြီး ဌေးမောင် ပါတပ်ဖွဲ့ဝင်(၅)ဦး၊ အုပ်ချုပ်ရေးမှူး ဦးစန်းမောင်ပါ (၃) ဦးတို့နှင့် အတူ အမှတ်(၁/၂/၃) မြို့ပေါ်ရက်ကွက်များနှင့် ရွှေဂူကြီးလမ်းဆုံအထိလည်းကောင်း၊ ညဉ့်နက် လှည့်ကင်းအား ၂၄၀၀ နာရီအချိန်မှ ၀၆၀၀ နာရီအချိန်ထိ ရေစကြိုမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်မင်းလွင် ဦးစီး(၁+၉)တို့သည်အမှတ်(၂/၃/၄)မြို့ပေါ်ရပ်ကွက်များ အားလုံးအထိလည်းကောင်း၊ ပေါက်မြို့မရဲစခန်းမှ ညဉ့်ဦးလှည့်ကင်းအား ၁၉၀၀ နာရီအချိန်မှ ၂၄၀၀ နာရီ အချိန်ထိ ပေါက်မြို့မ ရဲစခန်းမှ ရဲအုပ် ၀င်းမိုးအောင် ဦးစီးတပ်ဖွဲ့ဝင်(၁+၅) ဦးတို့သည် အောင်တံခွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း ပါ(၂)ဦးတို့နှင့်အတူ ရှားတောကျေးရွာနှင့် ထန်းတစ်ပင်ကျေးရွာများ အားလုံးအထိလည်းကောင်း၊ ညဉ့်နက်လှည့်ကင်းအား ၂၄၀၀ နာရီအချိန်မှ ၀၆၀၀ နာရီအချိန်ထိ ပေါက်မြို့မရဲစခန်းမှ ဒုရဲအုပ် နိုင်ဦး ဦးစီး တပ်ဖွဲ့ဝင်(၁+၅) ဦးတို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူး(၂) ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး တို့နှင့် အဖွဲ့သည် မြို့ပေါ်(၄) ရပ်ကွက် အားလုံးအထိ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထုလုံခြုံစွာနေထိုင်နိုင်ရေးအတွက် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိရပါသည်။ 






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video