မကွေး
သြဂုတ်လ ၃၀ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ ည ၁၉၃၀ နာရီအချိန်မှ၂၃၃၀ အချိန်ထိ ညဉ့်ဦးလှည့်ကင်း အား ဂန့်ဂေါမြို့မ ရဲစခန်းမှ ဒုရဲအုပ် အောင်ဟိန်းကိုကို ဦးစီးတပ်ဖွဲ့ဝင်(၁+၉)ဦးတို့သည် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်ဦးပါ (၂) ဦးတို့နှင့်အတူ မြို့ပေါ်ရပ်ကွက်များအားလုံးအထိ လည်းကောင်း ညဉ့်နက်လှည့်ကင်းအား ၂၃၅၅ နာရီအချိန်မှ ၀၅၀၀ နာရီအချိန်ထိ ဂန့်ဂေါမြို့မ ရဲစခန်းမှ ဒုရဲအုပ် သန်းအောင်လွင် ဦးစီးတပ်ဖွဲ့ဝင်(၁+၅) ဦးတို့သည် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ပါ(၂) ဦး၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြင်ဆွေပါ(၂) ဦး တို့နှင့် အတူ မြို့ပေါ်ရပ်ကွက်များအားလုံးအထိ လည်းကောင်း၊ ထီးလင်းမြို့မရဲစခန်းမှ ညဉ့်ဦးလှည့်ကင်း အား ၁၉၀၀ နာရီအချိန်မှ ၂၃၅၀ နာရီအချိန်ထိ ထီးလင်းမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ကျော်ကျော်ထွန်းပါ တပ်ဖွဲ့ဝင်(၅)ဦး၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနွားမောင်ပါ(၂)ဦး၊ သရခါကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းအောင်ပါ (၃)ဦးတို့နှင့်အတူ အမှတ်(၁၊၂) မြို့ပေါ် ရပ်ကွက်များနှင့် သရခါ ကျေးရွာအထိလည်းကောင်း၊ ညဉ့်နက်လှည့်ကင်းအား ၂၃၅၅ နာရီအချိန်မှ ၀၅၀၀ နာရီအချိန်ထိ ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၀င်းညွန့်ပါ တပ်ဖွဲ့ဝင်(၄)ဦး၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးပါ (၃)ဦးတို့နှင့်အတူ အမှတ်(၁၊၂)မြို့ပေါ်ရပ်ကွက်များ အားလုံး အထိ လည်းကောင်း၊ ဆောမြို့မရဲစခန်းမှ ညဉ့်ဦးလှည့်ကင်းအား ၁၉၃၅ နာရီအချိန်မှ ၂၃၃၅ နာရီ အချိန်ထိ ဆောမြို့မရဲစခန်းမှ ဒုရဲအုပ် ခိုင်ဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်(၁+၄) ဦးတို့သည် ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းဖြိုးပါ(၃)ဦးတို့နှင့်အတူ မြို့ပေါ်ရပ်ကွက်များ အားလုံးအထိလည်းကောင်း၊ ညဉ့်နက်လှည့်ကင်း အား ၂၃၄၅ နာရီအချိန်မှ ၀၄၃၀ နာရီအချိန်ထိ ဆောမြို့မ ရဲစခန်းမှ ဒုရဲအုပ် ၀င်းဦး ဦးစီးတပ်ဖွဲ့ဝင် (၁+၃)ဦးတို့သည် တပြင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်ပါ(၃) ဦး တို့နှင့်အဖွဲ့သည် မြို့ပေါ် ရပ်ကွက်များ အားလုံးနှင့် မင်းလယ်ကျေးရွာအထိ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု လုံခြုံစွာနေ ထိုင်နိုင်ရေး အတွက် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိရပါသည်။
0 comments:
Post a Comment